မူဆယ် ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပသည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုပြပွဲ/ပြိုင်ပွဲများကို ယမန်နေ့ နေ့လည် (၂) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ပြပွဲ/ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုပြပွဲ/ပြိုင်ပွဲများ ကျင်းပသည့် ရည်ရွယ်ချက်များနှင့် ကလေးသူငယ်များအတွက် လွတ်လပ်ရေး နေ့နှင့် ပတ်သက်သည့် သိကောင်းစရာများကို ဆွေးနွေးဟောပြောသည်။
ဆက်လက်ပြီးကလေးငယ်များအား စာအုပ်စာစောင်များနှင့် ပိုမိုရင်းနှီးမှုရရှိစေရန် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ရရှိစေရန်စာဖတ် စွမ်းရည်ပြိုင်ပွဲကျင်းပခြင်း၊ စာအုပ် မိတ်ဆက်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက် ကာလာရောက်ကြသည့် ပျော်ရွှင်စရာ ဂိမ်းများဖြစ်သည့် ထိုင်ခုံလုဂိမ်း၊ စာအုပ်ရွက်ပြိုင်ပွဲ ပူစီဖောင်းဖောက်ခြင်းများဆောင်ရွက်ပေးပြီး လာရောက် ကြသည့် ကလေးသူငယ်များက ပျော်ရွှင်စရာဂိမ်းကစားပြီး အနိုင်ရသူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)