ကွတ်ခိုင် ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောကိပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့ စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် အမှတ် (၃) ရပ်ကွက် မြို့ပတ်လမ်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က စည်ပင်သာယာရေးဌာန၊ အမှုဆောင် အရာရှိ ဦးအောင်ကျော်ဟိုးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် စည်ပင်သာယာရေးဌာနသည် အများပြည်သူသွားလာမှု လုံခြုံချောမွေ့စေရေး အတွက် မြို့တွင်းလမ်းများ တိုးတက်ကောင်းမွန်စေရန် စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ(၃၀) ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ (၃၁)ရက်နေ့ထိ (၆)လတာ ဘတ်ဂျက်အတွင်း ဆောင်ရွက်လျာထားသည် အမှတ်(၃) ရပ်ကွက်၊ ဘုံကျောင်းလမ်း၊ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း အတိုင်းအတာအားဖြင့် (၆၈၀'×၁၂'×၃") ၊ ခွင့်ပြုငွေကျပ်(၈၁•၆) သိန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌေးဌေး(ကွတ်ခိုင်)