သတင်းများ

လောင်းလုံးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင် အခမ်းအနားကျင်းပ
Jan 04,2022
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လှိုင်းဘွဲမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၇) နာရီအချိန်က ဌာနဆိုင်ရာတာဝန်ခံများ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့မစျေးအတွင်းနှင့် နံနက်ခင်းစျေးမှ ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 04,2022
မန္တတိုင်းဒေသကြီး၊ ရမည်သင်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီကအမျိုးသား ဘောလီဘော် ဗိုလ်လုပွဲနှင့်မြန်မာ့ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ညောင်ကုန်းချောင်းဖျား-သရက်ကုန်းလမ်း ကွန်ကရစ်လမ်းအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေး
Jan 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပြီးစီးသော ညောင်ကုန်းချောင်းဖျား-သရက်ကုန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများက ဇန်နဝါရီလ ၃ ရက် နံနက် ၇ နာရီ ၃၀ အချိန်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့ မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်
Jan 04,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ မီးသတ်ဦးစီးဌာနမှ မြို့နယ်အရန်မီးသတ် ဖွဲ့ဝင်များအား လေ့ကျင်းရေး(မွမ်းမံ) အမှတ်စဉ် (၁/၂၀၂၂)သင်တန်းကို ယမန်နေ့နံနက်(၉:၃၀)နာရီအချိန်က ကမ္ဘာအေးကွက်သစ်ရှိ မြို့နယ်ခန်းမတွင် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 04,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မြို့ပေါ်ရပ်ကွက်များ၊ လက်ဖက်ရည် ဆိုင်များ၊ မြို့မစျေးနှင့် လူစည်ကားသည့် နေရာများတွင် ဖြန့်ဝေခဲ့သည်။
ငါန်းဇွန်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် အလေးပြုပွဲ အခမ်းအနား ကျင်းပ
Jan 04,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ယနေ့ နံနက် ၄နာရီ မိနစ်၂၀က မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော် အလံတင်အခမ်းအနားကျင်းပသည်။
ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 04,2022
မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက်နှင့် မြဝတီမင်းကြီးလမ်းတစ်လျှောက်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။