ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မန္တလေး     ဇန်နဝါရီ   ၄

မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက်နှင့် မြဝတီမင်းကြီးလမ်းတစ်လျှောက်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းကျဆင်းလာရေးအတွက် ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများ၊ ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု အကျိုးရလဒ်များဖြစ်ကြောင်း ၊ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုသည် အနောက်နိုင်ငံများတွင် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံများဆီသို့ ‌ရောက်ရှိလာပြီဖြစ်ရာ ပြည်သူများအနေဖြင့် အထူးဂရုပြုရမည်ဖြစ်ကြောင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက (Mask) တပ်ဆင်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး(၆)ပေအကွာ နေထိုင်ခြင်း စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ဆက်လက်လိုက်နာကျင့်သုံး သွားကြပါရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင်(ပြန်/ဆက်)