ကျိုက်ဒုံမြို့၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျိုက်ဒုံ ဇန်နဝါရီ ၄

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မြို့ပေါ်ရပ်ကွက်များ၊ လက်ဖက်ရည် ဆိုင်များ၊ မြို့မစျေးနှင့် လူစည်ကားသည့် နေရာများတွင် ဖြန့်ဝေခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ် အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့်မိန့်ခွန်း ကောက်နုတ် ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ဖိုလေးလုံးသောင်းကိုကို၏ တို့များဆင်မြန်းလွတ်လပ်ပန်းကဗျာနှင့် ကာတွန်းများဖြင့် ဝေဝေဆာဆာဖော်ပြထားကြောင်း တွေ့ရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)