ကျိန္တလီမြို့ အမှတ်(၂)ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ကျိန္တလီ ဇန်နဝါရီ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အမှတ်()ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့ နံနက်၉ နာရီအချိန်မှ စတင်ကာ အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်တွင် ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဂွမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင်အောင်မိုးနှင့် ဝန်ထမ်းများက ကျိန္တလီမြို့ အမှတ်()ရပ်ကွက်၊ ကိန္နရီလမ်း အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နိုင် နေအိမ်တွင် ရပ်ကွက်အတွင်းရှိ ပြည်သူများကို အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိန္တလီမြို့ အမှတ်()ရပ်ကွက်အတွင်းရှိ အသက်(၁၈) နှစ်အထက် အမျိုးသား(၁၇)ဦး၊ အမျိုးသမီး(၂၆)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသား()နှင့် အမျိုးသမီး()ဦး၊ စုစုပေါင်း(၄၅)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး နိုင်ခဲ့ကြောင်း သိရသည်။

ခိုင်မိုးမင်း(ပြန်/ဆက်)