မိုးနဲ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်မှု ရှိစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်၅ရပ်ကွက်နေ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ဆိုးကြီးကို မပေါ့ဆ ကြရန်အတွက် ယနေ့နံနက် ၈ နာရီအချိန်မှစ၍ လက်ကိုင်အသံချဲ့စက်ငယ် Hand Speaker ဖြင့် ရပ်ကွက်များအတွင်းသို့ လိုက်လံ နှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်ပါ၊ အိမ်ပြင်မှ ပြန်ရောက်တိုင်း နှာခေါင်းစည်း စနစ်တကျ စွန့်ပစ်ပါ၊ လေဝင်လေထွက် မကောင်းသည့် နေရာများတွင် နေထိုင်ခြင်း မပြုပါနှင့်၊ စကားပြောဆိုရာတွင်လည်း ၆ ပေအကွာမှသာ ပြောဆိုပါ၊ အိမ်လည် သွားရောက်ခြင်း မပြုကြပါရန်နှင့် မိမိအိမ်သို့ လာရောက်သော ဧည့်သည်များကိုလည်း လက်မခံပါရန်၊ မိမိရရှိသော ကာကွယ်ဆေးသည် မိမိအတွက် အကောင်းဆုံး ဖြစ်၍ ကာကွယ်ဆေး မပျက်မကွက် ထိုးနှံကြပါရန် အစရှိသည်များကို ပြည်သူများ သိရှိလိုက်နာ စေရန်အတွက် မြန်မာဘာသာ/ရှမ်းဘာသာ နှစ်မျိုးလုံးဖြင့် နှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို