အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center)တွင် စာဖတ်ဝိုင်းကျင်းပ
Jan 10,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာပေမြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်၊ စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန်၊ တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များ မျှဝေတတ်စေရန် ရည်ရွယ်၍ ကျောင်းသားကျောင်းသူများဖြင့် စာရေးဆရာ ဦးဝမ်ထိန် ရေးသားသော ကိုယ်ပိုင်အသိဖြင့် ဘဝခရီး ကိုအောင်မြင်စွာလျှောက်လှမ်းခြင်း စာအုပ်ဖြင့် ဇန်နဝါရီလ(၁၀)ရက် နေ့လည်(၁)နာရီအချိန်က ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာန ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။