မိုင်းယန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

မိုင်းယန်း ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌  ယနေ့နံနက်  ၁၀ နာရီက (Boook Club) အသင်းအဖွဲ့နှင့် (Women Club) အသင်းအဖွဲ့ဝင်များမှ “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းများပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများ ဖြစ်ပေါ်လာစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေး တက်သည့် အကျိုးကျေးဇူးများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းများကို စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာနတ်သျှင်(ရွှေဂူ) ရေးသားထားသော “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်မှ “နောင်တရမှာ မကြောက်ပါနဲ့” ခေါင်းစဉ်ဖြင့် စတင်ဖတ်ကြား ဆွေးနွေးခဲ့သည်။

ထို့နောက် (Boook Club) အသင်းအဖွဲ့ဝင် ဦးဝင်းထွန်းမှ “ကူးစက်တတ်သောအမူအကျင့်” ခေါင်းစဉ်ဖြင့် လူသားတို့၏ နေ့စဉ်နေထိုင်ရှင်သန်ရာ ပတ်ဝန်ကျင်နှင့် လူအမျိုးအမျိုး စိတ်အထွေထွေ ဆိုသကဲ့သို့ ကိုယ့်အတွေး၊ ကိုယ့်အမြင်၊ ကိုယ်ပိုင်ဘဝကိုသာ အကောင်းဆုံး ပုံဖော်ထုဆစ်ပုံ တို့ကိုလည်းကောင်း၊ (Women Club) အသင်းအဖွဲ့ဝင် ဒေါ်ခိုင်နွယ်အေးမှ “ပတ်ဝန်းကျင်ကောင်းကို တန်ဖိုးထားပါ” ခေါင်းစဉ်ဖြင့် ကိုယ်ကိုတိုင် ပတ်ဝန်းကျင်ကောင်း၊ မိတ်ဆွေကောင်းဖြစ်အောင် ပြုမူနေထိုင်သင့်ပုံတို့ကို လည်းကောင်း၊ (Women Club) အသင်းအဖွဲ့ဝင် ဒေါ်နှင်းအိဝေက “လူငယ်နှင့် အပေါင်းအသင်း” ခေါင်းစဉ်ဖြင့် လူငယ်တွေအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှ အပေါင်း အသင်း၊ သူငယ်ချင်းတွေကို သေချာစွာရွေးချယ်ပြီး ပေါင်းသင်းသင့်ပုံတို့ကို လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး