သတင်းများ

မိုးညှင်းမြို့နယ်တွင် (၁၅၃) ကြိမ်မြောက် သမိုင်းဝင်တန်ခိုးကြီး ရွှေမဉ္ဇူရေလည်ဘုရားပွဲတော် အကျဉ်းချုံး ဆွမ်းတော်ကြီးကပ်လှူပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 16,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးဒေသတွင် (၁၅၃)ကြိမ်မြောက် သမိုင်းဝင်တန်ခိုးကြီး ရွှေမဉ္ဇူရေလည်ဘုရားပွဲတော်ကို အကျဉ်းချုံးဆွမ်းတော်ကြီးကပ်လှူပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက် မွန်းတည့်(၁၂)နာရီခွဲက လွဲမွန်ကျေးရွာအုပ်စု၊ နန့်ပတဲကျေးရွာအတွင်းရှိ ရွှေမဉ္ဇူကျောင်းတိုက်၌ ကျင်းပခဲ့သည်။
တောင်ကြီးမြို့၌ ရပ်ကွက်တွင်း လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်
Jan 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (Mini Budget) အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် မြို့နယ် အတွင်းရှိ ရပ်ကွက်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး (MCCT) အစီအစဉ်ဖြင့် Digital Literacy ဆင့်ပွားနည်းပြ သင်တန်း ဖွင့်လှစ်ပို့ချ
Jan 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ ပြည်အေးခန်းမ၌ မြို့နယ်အထွေ‌ထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်သော ကိုယ်ဝန်ဆောင် မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး (MCCT) အစီအစဉ်ဖြင့် Digital Literacy ဆင့်ပွားနည်းပြသင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့သည်။
ရွှေညောင်မြို့ ကုန်တင်ကားကြီးကွင်း တည်ဆောက်နေမှုအား ပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ကွင်းဆင်းစစ်ဆေး
Jan 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ဆောင်ရွက်လျက်ရှိသည့် ကုန်တင်ကားကြီးကွင်း တည်ဆောက်နေမှုကို ၁၄-၁-၂၀၂၂ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း ကွင်းဆင်းစစ်ဆေး၍ စံချိန်စံညွှန်း ပြည့်မီရေး၊ သတ်မှတ်ချိန်ကာလ ပြီးစီးရေးနှင့် လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။
မေတ္တာမြို့၌ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jan 16,2022
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့်  ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရကိုင်ဆောင်သင့်သည့်  လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာအုပ်စု၌ ဇန်နဝါရီလ ၁၀ ရက်နေ့ မှ ၁၄ ရက်နေ့အထိ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငပု​တောမြို့နယ်၌ အ​ခြေခံ ရှေးဦးပြုစုနည်း (ဆင့်ပွား) သင်တန်းဖွင့်ပွဲ ကျင်းပ
Jan 16,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပု​တောမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရှေးဦး ပြုစုနည်းနှင့် ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုနည်းသင်တန်းဖွင့်ပွဲကို ယမန်​နေ့နံနက် ၉ နာရီ အချိန်က ငပု​တောမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ဆွမ္မရာမြို့၌ ကျင်းပ
Jan 16,2022
နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ် များတွင်နှစ်စဉ် ဇန်နဝါရီ ၁၅ ရက်နေ့ရောက်တိုင်းအလှည့်ကျ နိုင်ငံတော်အဆင့် စည်ကား သိုက်မြိုက်စွာ ကျင်းပမြဲဖြစ်သော်လည်း ယခုကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတော်အဆင့် မကျင်းပဖြစ်သော်လည်း မိမိမြို့နယ်များတွင်သာ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ကို အကျဉ်းချုံးသာ ကျင်းပလျက်ရှိရာ ဆွမ္မရာမြို့တွင် ယမန်နေ့နံနက်က နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ကျင်းပလျက်ရှိကြောင်း သိရသည်။
ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Jan 16,2022
 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုး သူအသင်း (Book Club)တို့မှ စာ‌ရေးဆရာ အောင်သင်းရေးသားထားသည့်  "ရည်မှန်းချက်နှင့်ပြဿနာ အထွေထွေ" စာအုပ်ဖြင့်   စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့‌ရာ ကျောက်မဲ မြို့၊ အထက(ခွဲ)၊ အလက(၃) မှ ကျောင်းသား ကျောင်းသူများ တက်ရောက်လေ့လာ ခဲ့ကြောင်း သိရသည်။