တောင်တွင်းကြီး ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ စေတီတော်မြတ် ပရဝုဏ်အတွင်း တည်ထားကိုးကွယ်ထားသော နဂါးကိုးကောင်သိဒ္ဓိဆောင် နဂါးရုံဘုရားအား ဗုဒ္ဓာဘိသေက အနေကဇာတင်လှူပွဲကို ယနေ့နံနက် (၆)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ဆရာတော်ကြီးများက နဂါးကိုးကောင်သိဒ္ဓိဆောင် နဂါးရုံဘုရားကြီးအား ဗုဒ္ဓာဘိသေက အနေကဇာတင်လှူ ပူဇော်ကြပြီးဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးတင်လှနှင့်အဖွဲ့ဝင်များ၊ အလှူရှင်မိသားစုများက ဆရာတော်ကြီး များအား အာရုဏ်ဆွမ်းနှင့်လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးများ ဟောကြားသည့် ပရိတ်တရားတော်များအား ပရိသတ်များက နာယူကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)