သတင်းများ

မြစ်ကြီးနားမြို့ ပြန်လည်ထူထောင်ရေးစခန်း၌ သက်မွေးပညာအစီအစဉ်တစ်ခုဖြစ်သည့် အခြေခံ ဂဟေဆက် သင်တန်း(၁/၂၀၂၂)ဖွင့်လှစ်
Jan 18,2022
ကချင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်တီ၊ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီမှ ကြီးမှူး၍ သက်မွေးပညာသင်တန်းတစ်ခုဖြစ်သည့် အခြေခံဂဟေဆက်သင်တန်း (၁/၂၀၂၂)ကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြစ်ကြီးနား ပြန်လည် ထူထောင်ရေးစခန်း၌ ဖွင့်လှစ်ပေးခဲ့သည်။
မိဘပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ကာကွယ်ရေးနည်းလမ်းများလှုံ့ဆော်အသိပေးခြင်းဆောင်ရွက်
Jan 18,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မိဘပြည်သူများ၏ အသက်အိုးအိမ်နှင့်စည်းစိမ်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်နာရမည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့် ဝန်ထမ်းများက ယမန်နေ့ ည ၈နာရီအချိန်မှစ၍ ချောင်းကြီးရပ်ကွက် နှင့်ချောင်းငယ်ရပ်ကွက်အတွင်း မီးသတ်မော်တော်ယဉ်ဖြင့်လှည့်လည်၍ အသံချဲ့စက်ဖြင့် လှုံ့ဆော် အသိပေးကြေငြာခြင်းများဆောင်ရွက်ကြကြောင်း သိရှိရသည်။
တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုအတွင်း “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စု(၁၉၅)စုနှင့် နိုင်ငံသားစီစစ်ရေးကတ်(၉၅၆)ခုတို့အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့
Jan 18,2022
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးလက်နေပြည်သူများ လက်ဝယ်ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဦးစီးမှူးရုံးမှ (လဝက)မှူး ဦးတင့်နိုင် ဦးဆောင်ကြီးကြပ်သော ဝန်ထမ်းများအဖွဲ့က ဇန်နဝါရီလ (၁၁)ရက်မှ (၁၇)ရက်)အထိ (၇)ရက်တိတိ သကျက်ကျေးရွာအုပ်စု-ကျေးရွာခွဲ(၈)ရွာအတွင်း မှီတင်းနေထိုင်ကြသော ကျေးလက်နေ မိဘပြည်သူများအတွက် ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရှာဖွေကယ်ဆယ်ရေး (ဆင့်ပွား) သင်တန်းဖွင့်လှစ်
Jan 18,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရှာဖွေကယ်ဆယ်ရေး (ဆင့်ပွား) သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန် ခရိုင်မီးသတ်ဦးစီးမှူး ရုံးတွင်ဖွင့်လှစ်ခဲ့သည်။
မြန်အောင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်
Jan 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊မြန်အောင်မြို့နယ်တွင်၂၀၂၁-၂၀၂၂ခု၊ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်ကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့်မြို့နယ် အတွင်းရှိကျေးရွာ(၅)ရွာတွင် ကျေးရွာတွင်းလမ်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။
ပိုင်ကျုံမြို့တိုက်နယ်ဆေးရုံ၌ ကာကွယ်ဆေးလာရောက်ထိုးနှံကြသော မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်း ဆောင်ရွက်
Jan 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယ‌နေ့နံနက်ပိုင်းက  ကာကွယ်ဆေးထိုးရန် စုရပ်ဖြစ်သည့် ပိုင်ကျုံတိုက်နယ် ဆေးရုံ၌ ကရင်/မြန်မာ နှစ်ဘာသာဖြင့် နှိုးဆော်ပေးလျက်ရှိ‌ကြောင်း သိရသည်။
ဘောဂလိမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Jan 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးခြင်း လုပ်ငန်းများအဖြစ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဘောဂလိမြို့ရုံး Community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ်ထွက် ပဲတီစိမ်းများ တစ်တင်း ၄၀၀၀၀ ကျပ်ရောင်းချနေရ
Jan 18,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများစိုက်ပျိုးထား သည့်ပဲတီစိမ်း များပေါ်ချိန်ဆွတ်ခူးရောင်းချခဲ့ရာ တစ်တင်းကျပ် ၄၀၀၀၀ ကျပ်ဖြင့် ပေါ်ချိန် မှပဲတီစိမ်းတုန်း သည်အထိ အဆိုပါဈေးဖြင့် ရောင်းချနေရကြောင်း ကုလားတဲကျေးရွာ ပဲတီစိမ်းစိုက်တောင်သူ ဦးမျိုးခိုင်ထံမှ သိရသည်။