မြစ်ကြီးနားမြို့ ပြန်လည်ထူထောင်ရေးစခန်း၌ သက်မွေးပညာအစီအစဉ်တစ်ခုဖြစ်သည့် အခြေခံ ဂဟေဆက် သင်တန်း(၁/၂၀၂၂)ဖွင့်လှစ်

မြစ်ကြီးနား     ဇန်နဝါရီ ၁၇

ကချင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်တီ၊ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီမှ ကြီးမှူး၍ သက်မွေးပညာသင်တန်းတစ်ခုဖြစ်သည့် အခြေခံဂဟေဆက်သင်တန်း (၁/၂၀၂၂)ကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြစ်ကြီးနား ပြန်လည် ထူထောင်ရေးစခန်း၌ ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အခြေခံဂဟေဆက်သင်တန်းကို သင်တန်းသား(၂၀)ဦးတို့အား (၁)လကြာဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်ကလေးအလုပ် သမားပပျောက်ရေးကော်မတီ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်း ဆပ်ကော်မတီအတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဟန်စောလင်းက အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးပြီး အဖွဲ့အစည်း အသီးသီးဖြင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ကာ မိသားစုအတွက် ထိရောက်သင့်လျော်သော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအမျိုးမျိုးဖြင့် ချိတ် ဆက်နိုင်သော ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး အစီအစဉ်များအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ သက်မွေးပညာအကြိုသင်တန်းများနှင့် သက်မွေးပညာသင်တန်းများသို့ တက်ရောက်နိုင်အောင် ဆောင်ရွက်ပေးသည့် အစီအစဉ်တစ်ခု ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲနှင့်အတူ သင်တန်းသားများအား အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်လှိုင်နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မိမိနှောင်းတို့က အလုပ်သမားရေးရာ ဥပဒေများနှင့် ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးမှ သိရှိရသည်။

ပြည်နယ်ပြန်/ဆက်