ဘောဂလိ ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးခြင်း လုပ်ငန်းများအဖြစ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဘောဂလိမြို့ရုံး Community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က မိဘပြည်သူများအား မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးအန္တရာယ်များကို ပညာပေးဟောပြောခဲ့သည်။ ယင်းနောက် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ဆက်လက်ပြသခဲ့ရာ ပြည်သူများက စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ဘောဂလိ(ပြန်/ဆက်)