ညောင်ဦး ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများစိုက်ပျိုးထား သည့်ပဲတီစိမ်း များပေါ်ချိန်ဆွတ်ခူးရောင်းချခဲ့ရာ တစ်တင်းကျပ် ၄၀၀၀၀ ကျပ်ဖြင့် ပေါ်ချိန် မှပဲတီစိမ်းတုန်း သည်အထိ အဆိုပါဈေးဖြင့် ရောင်းချနေရကြောင်း ကုလားတဲကျေးရွာ ပဲတီစိမ်းစိုက်တောင်သူ ဦးမျိုးခိုင်ထံမှ သိရသည်။
ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးခြင်းအား လျှပ်စစ်ဖြစ်ရေတင်ဖြင့် စိုက်ပျိုးကြဲပက်ခြင်း၊ မိုးကောင်းသောက်ဖြင့် ကြဲပက်စိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးကြရာ ပဲတီစိမ်းပေါ်ချိန် ပခုက္ကူ ဈေးကွက်သို့ သွားရောက်ရောင်းချကြကြောင်းသိရသည်။ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးခြင်းများအား တော်သလင်းလ၊ သီတင်း ကျွတ်လတို့တွင် ကြဲပက်စိုက်ပျိုးကြ ပြီး၊ လျှပ်စစ်မြစ်ရေတင်ဖြင့် အခြားသီးနှံအဖြစ် စိုက်ပျိုးကြကြောင်းသိရသည်။ပဲတီစိမ်းပေါ်ချိန် တစ်တင်းပိသာ ၂၀ပိသာရှိကြောင်း၊ တစ်တင်း ၄၀၀၀၀ကျပ်နှင့်အများဆုံးဈေး ၄၁၀၀၀ကျပ်ရောင်းချရကြောင်း သိရသည်။
မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် ပဲတီစိမ်းများအထွက်နှုန်း အင်မတန်ကောင်းကာ၊ မိုးရာသီစိုက်ပျိုးသည့် ပဲတီစိမ်းများ မိုးရွာသွန်းမှုအခြေအနေပေါ်မူတည်ပြီး အထွက်နှုန်း အနည်းအများထွက်ရှိ ကြောင်းသိရသည်။ ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းများခြင်းကြောင့် ပဲတီစိမ်းဈေးနှုန်း ကောင်းသော်လည်း အထွက်နှုန်းနည်းခြင်းကြောင့် တောင်သူများ တွက်ခြေမကိုက်ဖြစ်ရကြောင်း ညောင်ဦးမြို့နယ် တောင်ဘကျေးရွာဦးတင်ဝင်းကရှင်း ပြသည်။မြစ်ရေတင်ဖြင့်စိုက်ပျိုး သည့် ပဲတီစိမ်းစိုက်တောင်သူများ စိုက်ပျိုးကြဲပက်ပြီးချိန် မှစကာစိတ်အေးလက်အေးနေလို့ရပြီး မရမှာမပူရကြောင်း ပဲတီစိမ်းစိုက်ပျိုးတိုင်းမရသည့် နှစ်မရှိကြောင်း လက်ပံခြေပေါ်မြစ်ရေ တင်ဖြင့်စိုက်ပျိုးသည့် ဦးမင်းညိုကရှင်းပြသည်။
ယခုနှစ်တွင် ပဲတီစိမ်းစတင်ပေါ်ချိန် တစ်တင်း ၄၁၀၀၀ကျပ်ဈေးမှ ယခုအခါ ၄၀၀၀၀ကျပ်မှ ၄၁၀၀၀ ကျပ်ဈေးထိ ဝယ်ယူကြောင်း ပခုက္ကူမြို့ နီလာပွဲရုံပိုင်ရှင် ဗိုလ်ကြီးနိုင် ကရှင်းပြကာ ပခုက္ကူ မြို့ကုန်စည်ဒိုင်ပေါက်ဈေးပေါ်မူတည်ဝယ်ယူရောင်းချကြောင်းလည်း သိရသည်။
ကိုထိန်၊KPD