ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မွေးမြူရေးပညာပေးဆွေးနွေးပွဲကျင်းပ
Jan 23,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဒေါက်တာဝင်းဗိုလ်မှဦးဆောင်၍ ရေတာရှည်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။