(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျောင်းတွင်း ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (မြို့မ)တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်း ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲကို ယနေနံနက် (၁၀) နာရီအချိန်က အဆိုပါ ကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ အခြေခံပညာအလယ်တန်းကျောင်း (​မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဇော်က ကျောင်းသားလူငယ်လူရွယ်များ အချင်းချင်းရင်းနှီးမှုရရှိစေရန်၊ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ချစ်ကြည်ရေးဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း အားကစားသမားအချင်းချင်း ရိုင်းပင်းကူညီပြီး အားကစားသမားစိတ်ဓာတ်အပြည့်ဖြင့် ယှဥ်ပြိုင်သွားကြရန် အဖွင့်အမှာစကားပြောကြားပြီး မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကာယဆရာကြီးမှ ပြိုင်ပွဲစည်းမျဥ်း၊ စည်းကမ်းများနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့ကာ တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်း (၁၀)သင်းမှ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် Grade -5 ဘောလုံးအသင်း နှင့် Grade – 6 ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ Grade -6 ဘောလုံးအသင်းမှ ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)