ထန်ပါခွေ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ (KM 75- 80) ကြား၌ လမ်းများပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထန်ပါခွေမြို့၌ KM (75 - 80) ကြားတွင်ပြုလုပ်နေသောလုပ်ငန်းအမျိုးအစား (လေး)မျိုးရှိကာ KM ( 77 - 80 )ကြား (135 မီတာ) မှာကျောက်လမ်းခင်းခြင်းဖြစ်ပြီး ကျန်လုပ်ငန်း(သုံး)မျိုးမှာ တစ်ခုကို (425 မီတာ) လုပ်ငန်း(သုံး)ခု (1275 မီတာ)ရှိပြီး မိုးရာသီတွင် ရေများတိုက်စားမှုကြောင့် ယာဥ်များသွားလာမှုအဆင်ပြေချောမွေ့စေရန် ကျောက်ရောမြေ၊ တောင်သဲဗြုန်း ( 75mm) ( ၃'') ထု ဖုံးအုပ်ခင်းကြိတ်ကာ တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း (AE) ဒေါ်အေးအေးမွန် ထံမှသိရသည်။
အလန် (ထန်ပါခွေ)