မုံရွာ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့အမှတ် (၁၅၉) အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က အဆိုပါ ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာတွင် “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းက အမှာစကားပြောကြားရာတွင် ပညာရေးမြှင့်တငမှု လုပ်ငန်းများတွင် မိဘပြည်သူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးဆောင်များနှင့် ကျောင်းသား/ကျောင်းသူများအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကလေးတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုနယ်ပယ်အလိုက် အစွမ်းအစပြသခွင့်ရအောင် ပြုစုပျိုးထောင်ပေးကြစေကြောင်း၊ နိုင်ငံတော်၏လူမှုရေး ဦးတည်ချက်ဖြစ်တဲ့ တစ်နိုင်ငံလုံးအသိပညာ အတတ်ပညာ မြင့်မားတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားပါ လို့ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းနှင့်အတူ ကျောင်းအုပ်ဆရာမကြီးများနှင့် မိဘများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အတန်းလိုက်ဆုရ ကျောင်းသား/ ကျောင်းသူများကို ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် မိဘများနင့်အတူ ကျောင်းသား/ ကျောင်းသူများ၏ တေးသီချင်းအကအလှများဖြင့် သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)