သတင်းများ

နတ်တလင်းမြို့၌ စားသုံးသူရေးရာဦးစီးဌာနမှ Thursday Talk အသိပညာပေးဟောပြောပွဲကျင်းပ
Jan 23,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ဝန်ထမ်းများအား Knowledge Sharingရရှိစေရန်ရည်ရွယ်၍ Thursday Talk အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က နတ်တလင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Jan 23,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် Youth Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်ရေးသားသော “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ”စာအုပ်ကို ယနေ့ နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးနိုင်ရေး သွင်းအားစုများပေးအပ်
Jan 23,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ နွေစပါး ၁၇၃၈၉ ဧက စိုက်ပျိုးနိုင်ရေးနိုင်ငံတော်မှ သွင်းအားစုများ ပေးအပ်သွားမည်ဖြစ်ရာ နွေစပါးစိုက်​တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လူငယ့်အားမာန် သမဝါယမအသင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အ.မ.က ထီးဖိုးမယ်ဘောကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 23,2025
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်ကျေးရွာအုပ်စုရှိ အ.မ.က ထီးဖိုးမယ်ဘောကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံးရရှိသည့် ကျောင်းသား/ သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ရေခဲသေတ္တာသုံး Safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Jan 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၅၆ ရပ်ကွက်၊ ဆုပြည့်ရတနာ (၄) လမ်းနှင့် ကျောက်စိမ်းမြတ်ရတနာလမ်းထောင့်ရှိ ဈေးဆိုင်အ‌ဆောက်အဦတွင် ယနေ့နံနက် ၅ နာရီ ၅၅ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ရာ ၆ နာရီ ၂၃ မိနစ်တွင် မီးထိန်းပြီး ၆ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်၌ အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Jan 23,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီးအတွင်း ရောင်းချလျက်ရှိသည့် ဝက်၊ အမဲ၊ ဆိတ်နှင့် အသားငါးများစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေး သတ်မှတ်ရည်ညွှန်းစျေးထက်ရောင်းချမှုမရှိစေရန် တာဝန်ရှိသူများက ယနေ့ နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 သင်ကြား၊ သင်ယူမှု၊ ထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ ဖွင့်လှစ် သင်ကြား
Jan 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန်နှင့် သင်ခန်းစာများကို ကျွမ်းကျင်စွာ သင်ကြားပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁)မိုးနဲ ပုလဲ‌ဆောင်ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Jan 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။