မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ပါ အကြောင်းအရာများကို အသေးစိတ်ဖတ်ရှုဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာများက စာအုပ်ပါ သမိုင်းအကြောင်းအရာ ဖတ်ကြားခဲ့မှုများနှင့်စပ်လျဥ်းပြီး သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မေးမြန်းချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)