ဥတ္တရသီရိမြို့နယ်၌ ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းဆောင်ရွက်

ဥတ္တရသီရိ ဇန်နဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံများ အောင်မြင်စွာစိုက်ပျိုးရေး၊ သီးထပ်စွမ်းအား မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစွာထွက်ရှိရေး မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ် မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကွင်းတာဝန်ခံများသည် မိုးစွေ‌ကျေးရွာအုပ်စုအတွင်း ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်မြေ ဧက ၁၅ တွင် အစားထိုး ပြန်လည်စိုက်ပျိုးထားသော နေကြာစိုက်ခင်းများအား နေကြာသားခွဲခြင်းလုပ်ငန်းများဆောင်ရွက်‌ပေးခဲ့ပြီး မှိုသတ်ဆေး၊ ပိုးသတ်ဆေးနှင့် ရွက်ဖျန်းဆေးများကို တောင်သူများထံ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)