မြို့သစ်မြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ စာအုပ်ပြပွဲ ဆောင်ရွက်

မြို့သစ် ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြင့်တင်ရေးစာအုပ်ပြပွဲတွင် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်ထွေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်လာစေရန်နှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များဖြစ်ပေါ်လာစေရန် စသည့်အကြောင်းအရာများ မှာကြားခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များ ပြသထားရာ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးစာအုပ်၊ စာစောင်များအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)