ပန်းဘဲတန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်

ပန်းဘဲတန်း ဇန်နဝါရီ ၂၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ မူးယစ်ဆေးဝါး အ‌ကြောင်းအရာများနှင့် ကွမ်းစားခြင်း၏ဆိုးကျိုးအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့က အ.ထ.က (၂) ပန်းဘဲတန်းတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာကျော်က‌ အခြေခံပညာကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများ ဉာဏစွမ်းရည်များ ပိုမိုးတိုးတက်စေရန်၊ စာဖတ်သည့်အလေ့အထများကို ပိုမိုတိုးတက်စေရန်အတွက် နယ်လှည့်စာကြည့်တိုက်များကို ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် ယခုလိုပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားပြီး  အ.ထ.က (၂) ပန်းဘဲတန်း ကျောင်းမှ ဆရာမ ဒေါ်စန္ဒာညွန့်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ Grade - 5 ကျောင်းသား၊ ကျောင်းသူများအား စကားပုံဆက်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကိုကျင်းပ၍ ဆုရရှိသူများအား အသီးသီးဆုချီးမြှင့်ပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များကိုပြသ၍ အ.ထ.က (၂) ပန်းဘဲတန်းရှိ ကျောင်းသား၊ ကျောင်းသူများကို သုတ/ရသ စာအုပ်စုစုပေါင်း (၅၀) အုပ် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဥမ္မာကျော် (ပန်းဘဲတန်း)