အလုံ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် မြို့နယ်အတွင်းရှိ လိုင်စင်သက်တမ်းတိုးနှင့် လိုင်စင်သစ်လျှောက်ထားသော ဆေးခန်းနှင့် ဆေးဆိုင်များအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီနှင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ လိုင်စင်သက်တမ်းတိုးလျှောက်ထားသော ရွှေဇမ္ဗူဒိပ်ကုမ္ပဏီ (လက်ကား)၊ Smart Care သွားနှင့် ခံတွင်းဆေးခန်းနှင့် လိုင်စင်သစ်လျှောက်ထားသော ရောင်နီဦး ဆေးဆိုင်၊ မိုးယံဆေးဆိုင်၊ Central ဆေးဆိုင်၊ Mitha Su Mart ဆေးဆိုင်၊ ရောင်နီဦးအထူးကုဆေးခန်းနှင့် မိုးအထွေထွေရောဂါကု ဆေးခန်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)