သတင်းများ

ဘုတလင်မြို့နယ်၌ ဆောင်းသီးနှံ နေကြာ ၁၈,၁၉၅ ဧက စိုက်ပျိုးပြီးစီး
Jan 21,2025
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် ဆောင်းသီးနှံ နေကြာ ၁၈,၀၆၀ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အချိန်အထိ လျာထားဧကထက် ၁၃၅ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံ ပညာထူးချွန်ဆုပေးပွဲကျင်းပ
Jan 21,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုပေးပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က အဆိုပါကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင် “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jan 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကျန်းမာရေးဌာနခွဲနှင့် ကျေးရွာအုပ်စုများရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ယနေ့နံနက် ၁၀ နာရီက အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးစတင် ထိုးနှံ/ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို (Big Cath-Up) နည်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေး
Jan 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အသက်(၁)နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို (Big Cath-Up) နည်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
ရေကြည်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအားအခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး
Jan 21,2025
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ ပင်စင်ခံစားခွင့်လာရောက်ထုတ်ယူရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန် ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့သည်။
မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူမှုကူညီထောက်ပံ့ရေးအဖွဲ့မှ မူလတန်းရွယ် ကျောင်းသား/သူများအတွက် ဗလာစာအုပ်များ ထောက်ပံ့
Jan 21,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ လူမှုကူညီထောက်ပံ့ရေးအဖွဲ့၊ ဒေါက်တာ သက်စုအောင်ဦးဆောင်သော အလှူရှင်အဖွဲ့မှ သန့်လေးသန့်နှင့်ပတ်သက်၍ စစ်ဆေးအကဲဖြတ်ခြင်းအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့တွင် ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ/ဘဲဥများ ရောင်းချ
Jan 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ/ဘဲဥများ လက်ဝယ်အရောက် ရောင်းချပေးခြင်းအား ယနေ့နံနက်(၇)နာရီမှစတင်၍ မြို့မစျေးအနီးရှိ စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ပုံမှန်အတိုင်း ဆက်လက်ထုတ်ပေး
Jan 21,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်ထုတ်ပေးလျက်ရှိရာ ယခုလ ၂၁ ရက်မှစတင်ပြီး ပုံမှန်အတိုင်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။