မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူမှုကူညီထောက်ပံ့ရေးအဖွဲ့မှ မူလတန်းရွယ် ကျောင်းသား/သူများအတွက် ဗလာစာအုပ်များ ထောက်ပံ့

မိုင်းခုတ် ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ လူမှုကူညီထောက်ပံ့ရေးအဖွဲ့၊ ဒေါက်တာ သက်စုအောင်ဦးဆောင်သော အလှူရှင်အဖွဲ့မှ သန့်လေးသန့်နှင့်ပတ်သက်၍ စစ်ဆေးအကဲဖြတ်ခြင်းအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပူးပေါင်းဆောင်ရွက်ပေးခြင်းကြောင့် မူလတန်းအရွယ် ကျောင်းသား/ကျောင်းသူများအား (၁)ဦးလျှင် ဗလာစာအုပ်တစ်ဒါဇင်ဖြင့် စုစုပေါင်း (၁၇၃)ဒါဇင်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်မေစိုးအား ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ကျောင်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)