သာပေါင်း ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အသက်(၁)နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို (Big Cath-Up) နည်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို (Big Cath-Up) နည်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးကြရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းမီမီခိုင် ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း (မိခင်/ကျောင်းကျန်းမာရေးအာဟာရ)နှင့် ကျန်းမာရေးဝန်ထမ်းတို့က အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို (Big Cath-Up) နည်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး(ပြန်/ဆက်)