ရေကြည် ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ ပင်စင်ခံစားခွင့်လာရောက်ထုတ်ယူရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန် ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးလင်းမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား နှလုံး၊ သွေးတိုး၊ ဆီးချို၊ သွေးချို၊ ပန်းနာရင်ကြပ်စသည့် အခြေခံကျန်းမာရေးရောဂါဆိုင်ရာများကို စစ်ဆေးပေးပြီး၊ ဆေးကုသပေးခြင်း၊ ဆေးဝါးများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်များကိုစစ်ဆေး၍ ကျန်းမာရေးအသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို လစဥ်ဆောင်ရွက်ပေးလျက်ရှိပြီးမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပင်စင်ထုတ်ယူသူ (၂၈၁၁)ဦး၏ ပင်စင်လစာငွေများကို ဘဏ်ဖွင့်ရက်များတွင် ပုံမှန်ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီးနိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားတစ်ဦးလျှင် ကြက်ဥ(၁၀)လုံးနှုန်းဖြင့်(၂၅)ရာခိုင်နှုန်း(၆၉၃)ဦး အားမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့်လူမှုရေးအသင်းအဖွဲ့များက ကြက်ဥများပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)