အလုံမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အလုံ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ပင်စင်စားမိဘပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၊ ကြည့်မြင်တိုင်ဘဏ်ခွဲသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးတို့၏လမ်းညွှန်မှုဖြင့် အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်မေသန်းမြင့်ထွေး ဦးဆောင်သောကွင်ဆင်းဆေးကုသရေးအဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ်၊ ကြည့်မြင်တိုင်ဘဏ်ခွဲသို့သွားရောက်ပြီး ပင်စင်စားမိဘပြည်သူ သက်ကြီးပုဂ္ဂိုလ်များအား ကုသပေးခဲ့သည်။

အဆိုပါ ကွင်းဆင်ကုသပေးမှုတွင် အမျိုးသား(၁၈)ဦး၊ အမျိုးသမီး(၂၇)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ကွင်းဆင်း၍ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)