လပွတ္တာမြို့၌ Big Catch-Up အမှီလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

လပွတ္တာ ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်ပြည်သူ့ဆေးရုံဟောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က Big Catch-Up အမှီလိုက်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှေ့ဦးစွာ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ ဖြစ်ပွားသေဆုံးမှုလျော့ကျရန်ရည်ရွယ်၍ အသက်(၁)နှစ်မှ (၅)နှစ်အောက်ကလေးများတွင် ကာကွယ်ဆေးမရရှိသောက‌လေးများနှင့် ကာကွယ်ဆေးမပြည့်စုံသောကလေးများ တစ်ဦးတစ်ယောက်မကျန်ရှိစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း အမှာစကားပြောကြားပြီး (၃)မိုင်မြို့ ကုတင်(၂၀၀)ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သီတာအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက အသက်(၁)နှစ်မှ (၅)နှစ်အောက်ကလေးများအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး(အစက်ချဆေး)၊ ပိုလီယိုကာကွယ်ဆေး(ထိုးဆေး)၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးများ စတင်တိုက်‌ကျွေးခြင်း၊ ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများမှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)