ရေကြည်မြို့နယ်တွင် Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အသိပညာပေး ဆွေး‌နွေးပွဲအခမ်းအနားကျင်းပ

ရေကြည် ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အသိပညာပေးဆွေး‌နွေးပွဲနှင့် လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးမှူးအဆင့်-(၁) ဦးဝင်း‌ဇော်မြင့်က Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးအေးလင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က‌လေးစောင့်ရှောက်‌ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကာကွယ်ဆေးတစ်ကြိမ်မှ မရရှိသေးသော အသက်-(၁)နှစ်မှ (၅)နှစ်အောက် ကလေးငယ်များနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက်-(၁)နှစ်မှ (၅)-နှစ်အောက်ကလေးငယ်များ မကျန်ရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို (၃)ကြိမ်၊ (၁)-လစီခြား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရေကြည်မြို့နယ်တွင် (ပထမအကြိမ်)ကို ဇန်နဝါရီ(၂၀)ရက်နေ့မှစတင်ပြီး ဇန်နဝါရီ(၂၆)ရက်နေ့အထိတစ်ကြိမ်၊ (ဒုတိယအကြိမ်)ကို မတ်လ(၁)ရက်နေ့မှ (၇)ရက်နေ့အထိတစ်ကြိမ်၊ (တတိယအကြိမ်)ကို မေလ(၁)ရက်နေ့မှ (၇)ရက်နေ့အထိ တစ်ကြိမ်ကိုမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)