တောင်တွင်းကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ(မထီစံပြ)တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ ကွင်းဆင်း

တောင်တွင်းကြီး ဇန်နဝါရီ ၂၀

ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေကောင်းများဖတ်ရှု့လေ့လာသိရှိခြင်းဖြင့် အသိပညာဗဟုသုတများတိုးတက်ပြီး ဗလငါးတန်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) ခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်းခွဲ(မထီစံပြ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားရေးအတွက် အားလပ်သည့်အချိန်များတွင် စာအုပ်စာပေများလို့လေ့လာကြရမည့်ဖြစ်ကြောင်း၊ ပညာလိုအိုသည်မရှိဆိုသည့်အတိုင်း ပညာတက်မြောက်မှသာ အမှားအမှန်ဝေဖန်ပိုင်းခြားနားလည်မည်ဖြစ်ကြောင်း၊ စာဖတ်ရှိန်​​မြင့်တင်ရေးလုပ်ငန်းသည်  ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်တစ်ခုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေစဥ်စာဖတ်ရာ၌ သုတ၊ ရသပညာရပ်ပေါင်းစုံကို ဖတ်ရှုလေ့လာကြရန်လိုအပ်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် နောင်တချိန်တွင် နိုင်ငံတော်ကအားကိုးအားထားပြုရမည့် သားကောင်း၊ သမီးကောင်းပညာရှင်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ စာဖတ်ရှိန်မြင့်တင်ရေး စာပေဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 ရန်နောင်(ဗိဿနိုးမြေ)