သတင်းများ

မဘိမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်
May 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် အရေးပေါ် အသက်ကယ်ရန်အခြေအနေကျရောက်လာပါက ရှေးဦးသူနာပြုစုနည်းများကို တတ် သိနားလည်စေရန်အတွက်  ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
မြဝတီမြို့၌ သောင်ရင်းမြစ်ရေလျှံတက်ခြင်းကြောင့် ရေဘေးသင့်ခဲ့သည့်အိမ်ထောင်စုများအတွက်ဆန်ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များလှူဒါန်း
May 23,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေလျှံတက်ခြင်းကြောင့်ရေကြီးမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ စစ်ဗျူဟာအဖွဲ့(အခြေချ)သင်္ကန်းညီနောင်မှ ဆန်၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ ယနေ့နံနက် ၁၀ နာရီခွဲက အထက(၃)ကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
မိုးကောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး first doses ၊ second doses နှင့် Booster doses များ ဆက်လက်ထိုးနှံပေး
May 23,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး first doses၊ second doses နှင့် Booster doses များ မိုးကောင်းမြို့တော်ခန်းမ၌ ယနေ့ နံနက် (၉)နာရီအချိန်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်းပါး ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
May 23,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်းပါး ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး
May 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ယနေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။
မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး  
May 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ယနေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဓနုဖြူမြို့နယ် Community Centre ခန်းမတွင် ရှေးဦးသူနာပြုစုနည်းသင်တန်း ဆုပေးပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းပြီး ရှေးဦးသူနာပြုစုနည်းသင်တန်း ဆုပေးပွဲနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မေလ (၂၃)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ခဲမဖြူ​ကျေးရွာ အ​​ခြေခံပညာအထက်တန်းကျောင်းခွဲအား စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်
May 23,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ​ကျောင်းများပြန်လည်ဖွင့်လှစ်​တော့မည်ဖြစ်သဖြင့် ​ကျောင်းသား၊​ ကျောင်းသူများ ပညာသင်ကြားနိုင်​ရေး၊​ ကျောင်းပတ်ဝန်းကျင် သာယာလှပ​ရေး၊ ခြင်အန္တရာယ်မှ ကင်း​ဝေး​​စေ​ရေး၊​ ကျောင်းသန့်ရှင်း​စေ​ရေး ​ကျောင်းဝန်း အတွင်းရှိ ခြုံနွယ်များ၊ အမှိုက်များ၊​ မြက်ပင်များ ရှင်းလင်းခြင်း၊ ရေစီး​ရေလာ​ကောင်းမွန်​စေ​ရေး ​ရေ​မြောင်းများ ပြန်လည်တူး​ဖော်ခြင်းများ၊ သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း၊​ ကျောင်း​ဆောင်များ သန့်ရှင်း​စေ​ရေးအတွက်