ဓနုဖြူမြို့နယ် Community Centre ခန်းမတွင် ရှေးဦးသူနာပြုစုနည်းသင်တန်း ဆုပေးပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဓနုဖြူ မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းပြီး ရှေးဦးသူနာပြုစုနည်းသင်တန်း ဆုပေးပွဲနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မေလ (၂၃)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးသူနာပြုစုနည်းသင်တန်းတွင် ပထမဆုရရှိသော မချောရတနာသန့်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက ဆုတံဆိပ်နှင့် ဆုလက်ဆောင်များ ပေးအပ်ခြင်း၊ ဒုတိယဆုရရှိသော မသူဇာထွန်းနှင့် တတိယဆုရရှိသော မသဲစုနိုင်တို့အား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှမျိုးသန့်က ဆုတံဆိပ်နှင့် ဆုလက်ဆောင်များ ပေးအပ်ခဲ့ပြီး သင်တန်းသား/ သင်တန်းသူ (၂၀)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီအရာရှိ ဒေါ်ခင်မေစိုးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)