သရက်ချောင်းမြို့နယ်၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။