မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့တွင် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်စစ်ကြောင်းကြီး (၅) ကြောင်းကို ဦးဆောင်ပြီး ဝမ်ကောင်းအုပ်စု၊ ဝမ်တောင်းကျေးရွာ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြောပြီး အဆိုပါကျေးရွာတွင် လယ်ယာသီးနှံစွန့်ပစ်ပစ္စည်းများဖြင့် EM Bokashi သဘာဝမြေဩဇာ လက်တွေ့ပြုလုပ်နည်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ဝမ်မန်းအုပ်စု၊ ဝမ်တုံ့ကျေးရွာတွင် mytel မှ တာဝါတိုင်တည်ဆောက်မည့် မြေနေရာနှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၃၀၀ ဖြင့် အလျားပေ ၆၀၊ အနံပေ ၂၀ ရှိ လော့ဟန်-ဝမ်တွီ-နောင်ဘိုး-နောင်ယဲန်-နမ့်တောင်-ဝမ်တုံ့-ဝမ်ရှဲန်လမ်းပေါ်ရှိ ဝမ်ရှဲန်ရွာအဝင် တံတားတည်ဆောက်ပြီးစီးမှုအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)