သတင်းများ

ကလောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လ-၁ ၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပ
Jan 17,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ကလောမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လ-၁၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 17,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီက ကျင်းပသည်။
ကျိုင်းတုံအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူများအား စာအုပ်/စာစောင် ဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ပေး
Jan 17,2025
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်တရားဒေသ၌ အာလူးစိုက်တောင်သူများ ဈေးကောင်းရရှိ
Jan 17,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများ၌ ဩဂုတ်လနှင့် စက်တင်ဘာလတွင်စိုက်ပျိုးသည့် စကအာလူးများ တူဖော်လျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့ မြို့မအရှေ့ရပ်ကွက် လမ်းမကြီးဘေးတစ်ဖက်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ မြို့သာယာလှပရေးအတွက် ရေဆိုးထုတ် အုတ်ရေမြောင်းများ တူးဖော်ဆောင်ရွက်ပေး
Jan 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မအရှေ့ရပ်ကွက် လမ်းမကြီးဘေးတစ်ဖက်တွင် မိုးရာသီကာလအတွင်း ရေကြီး၊ ရေလျှံမှုများမဖြစ် ပေါ်စေရန်နှင့် ရေမြောင်းပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ ရေဆိုးထုတ်အုတ်‌ရေ မြောင်းများတည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးဟန်သူ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award) စိစစ်ရွေးချယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jan 17,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award )စိစစ်ရွေးချယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု စိစစ်ရွေးချယ်ရေးအဖွဲ့နာယက နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာ၌ မဲဇလီရေလွှဲဆည်ရေဖြင့် စပါး ၃၃၂၃၅ ဧက လျာထားစိုက်ပျိုးမည်
Jan 17,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံ ၃၃၂၃၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မအားကစားကွင်းတွင် ယမန်နေ့ညနေ (၂) အချိန်၂၅ မိနစ်အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့ရာ အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာများ၊‌ ပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။