မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုင်းတုံ ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ  မြို့မအားကစားကွင်းတွင် ယမန်နေ့ညနေ (၂) အချိန်၂၅ မိနစ်အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့ရာ အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာများ၊‌ ပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက မိုင်းတုံမြို့နယ်အနေနဲ့ အသင်းအားလုံးမြို့ကို ဂုဏ်ဆောင်နိုင်‌ အောင်ကြိုးစားစေလိုကြောင်း၊ အခုလူငယ်အသင်းကလည်း ဂုဏ်ယူဝင့်ကြွား နိုင်အောင်ကြိုးစားသွားကြရန်၊ ကစားတဲ့နေရာမှာလည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကစားသွားကြ‌စေလိုကြောင်း၊ စည်းကမ်းချမှတ်ပေးသည့် အတိုင်းလိုက်နာကြစေ‌လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး မိုင်းတုံမြို့နယ်အားကာမှ ဦးကျော်သူအေးက အားကစားသမားများကို စည်းကမ်းနှင့်ပတ်သက်၍ရှင်းလင်းသည်။

ထို့နောက် အားကစားသမားများ၏ သစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနာဖွင့်လှစ်ပြီးနောက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်ဌာနဆိုင်ရာများက အားကစားသမာများကို လိုက်လံမိတ်ဆက်ခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် Youth Dream FC အသင်းနှင့် Mong  Kham FC အသင်းတို့စတင်ပြိုင်ပွဲဝင်ခဲ့သည်။ ပြိုင်ပွဲတွင် Youth Dream FC, MT uniled, La Hu FC, Youth  Dream  FC, Mong   Kham FC, 5 Star FC, Boss Futsal, N PY FC, Dominatrores FC အသင်း (၈)သင်းဖြင့် အလှည့်ကျယှဉ်ပြိုင်ကစားကြမှာဖြစ်ကြောင်း အသင်း(၈) သင်းဖြင့် ၁၆-၁-၂၀၂၅ ညနေမှ ၂၀-၁-၂၀၂၅ ထိယှဉ်ပြိုင်ကစားကာ ဗိုလ်လုပွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)