နေပြည်တော်ကောင်စီဝင် ဦးဟန်သူ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award) စိစစ်ရွေးချယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award )စိစစ်ရွေးချယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု စိစစ်ရွေးချယ်ရေးအဖွဲ့နာယက နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ Clean & Green School Award အဆိုပြုယှဥ်ပြိုင်လျှောက်ထားသည့် အခြေခံပညာကျောင်း ၁၄ ကျောင်းမှ ပေးပို့တင်ပြလာသည့် ပြိုင်ပွဲဝင် Video Clip များအား ကြည့်ရှုစိစစ်ခဲ့ပြီး တစ်ဦးချင်း ဆွေးနွေးအကြံပြုခြင်းများ၊ စိစစ်အကဲဖြတ်အမှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ဆုရွေးချယ်ရေးအဖွဲ့ဝင်များက နေပြည်တော်အဆင့်အတွက် (ပဏာမ)ဆုများ စိစစ်ရွေးချယ်ခြင်းနှင့် အမျိုးသားအဆင့် (National Clean and Green School Award) အတွက် ဆက်လက်ပြိုင်ပွဲဝင်နိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင်က ရှင်းလင်းဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)