မြစ်သား ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မအရှေ့ရပ်ကွက် လမ်းမကြီးဘေးတစ်ဖက်တွင် မိုးရာသီကာလအတွင်း ရေကြီး၊ ရေလျှံမှုများမဖြစ် ပေါ်စေရန်နှင့် ရေမြောင်းပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ ရေဆိုးထုတ်အုတ်ရေ မြောင်းများတည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့ မြို့မအရှေ့ရပ်ကွက် လမ်းမကြီးဘေးတစ်ဖက်တွင် ရေစီးရေလာကောင်းမွန်မှုမရှိခြင်းကြောင့် လမ်းမပေါ်ရေတင်ကာ ရပ်ကွက်နေပြည်သူများ သွားလာရေး အခက်အခဲဖြစ်နေသဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ ရေဆိုးထုတ်အုတ်ရေမြောင်းများပြုလုပ်ကာ အရှည်(၁၈၀)ပေ၊ အကျယ် (၃) ပေ၊ အနက် (၁) ပေခွဲ တူးဖော်ဆောင်ရွက်လျက်ရှိပြီး ရေစီးရေလာကောင်းမွန်စေရန် ရေဆိုးထုတ် အုတ်ရေမြောင်း တူးဖော်၍ ဆောင်ရွက်ပြီးစီးပါက မိုးတွင်းကာလတွင် လူနေအိမ်များအတွင်း ရေကြီးရေလျှံမှုများ ကင်းဝေးစေမည်ဖြစ်ကာ ရေတိုက်စားမှုကြောင့် လမ်းပျက်စီးမှုများလည်း လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း မြစ်သားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်