ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ်မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ပေါင်းတည် မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပေါင်းတည်မြို့ အ.ထ.က(ပညာရတနာ)ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး(ယာယီ/တွဲ)ဆရာကြီး ဦးသောင်းဌေးက အမှာစကားပြောကြားရာတွင် အခြေခံပညာအလယ်တန်းအဆင့်(Grade-8)သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတွင် သက်ဆိုင်ရာဘာသာရပ်နယ်ပယ်များမှ ကျွမ်းကျင်သည့် နည်းပြများက ပို့ချပေးမည်ဖြစ်ကြောင်း၊ ကျောင်းအဆင့်တွင် ပြန်လည်သင်ကြားပို့ချမည့် သင်တန်းသားများကလည်း သင်ရိုးသစ်အကောင်အထည်ဖော်ရာတွင် အလွန်အရေးကြီးသည့်အတွက် သင်တန်းသား ဆရာ၊ ဆရာမများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်နယ်ပယ်တွင် ကျွမ်းကျင်စွာသင်ကြားပို့ချနိုင်မှသာ ကျောင်းသား၊ ကျောင်းသူများအမှန်တကယ်တတ်မြောက်မည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိအထက်တန်း၊ အလယ်တန်းကျောင်းအုပ်နှင့် အလယ်တန်းပြသင်တန်းနည်းပြဆရာ၊ ဆရာမ ၃၁ ဦးက သင်တန်းသား/သူ ၂၈၄ ဦးအား သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းကိုမေလ(၁၆)ရက်နေ့မှ(၁၈)ရက်နေ့ထိ နံနက်(၀၉:၀၀)နာရီမှ ညနေ(၀၄:၀၀)ထိ သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)