ကျောက်တံခါး မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချမည့် မြို့နယ်အဆင့် Grade-8(သင်ရိုးသစ်) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အ-ထ-က (ကျောက်တံခါး) ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အဆင့် Grade-8(သင်ရိုးသစ်)သင်တန်း ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယဦးစီးမှူး ဒေါ်သူဇာလွင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းက မြို့နယ်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မြို့နယ်အဆင့် Grade-8(သင်ရိုးသစ်)သင်တန်းကိုနည်းပြဆရာ/ဆရာမ(၄၁)ဦးက ဆွေးနွေးပို့ချမည်ဖြစ်ပြီး ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၇၉၁)ဦးတို့တက်ရောက်ကြပြီး အဆိုပါ ဆွေးနွေးပွဲကို မေလ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့ထိ (၃)ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန်းစန်း