မြစ်ကြီးနာမြို့ အောင်တော်မူ သကျမာရဇိန် အံတော်ရှင်စေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေ ကဇာတင်ခြင်းနှင့်အတူ သံဃာတော် သီလရှင် အပါး(၃၆၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

မြစ်ကြီးနား မေ ၁၆

ကချင်ပြည်နယ်၊   မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူ သကျမာရဇိန်အံတော်ရှင် စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံမွမ်းမံခြင်း၊ ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ် နားတော် တင်လှူပူဇော်ခြင်း အခမ်းအနားအောင်ပွဲ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓါဘိသေက အနေ ကဇာတင်ခြင်းနှင့် သံဃာတော်၊ သီလရှင်အပါး ၃၆၀ တို့အား သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့  နံနက်  ၇ နာရီက  အဆိုပါ စေတီတော်မြတ်ကြီးရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စေတီတော်မြတ်ကြီး၏ ရင်ပြင်ရှိ မုခ်ဦးလေးဘက်တွင် အံတော်ရှင် တောင်တန်း သာသနာပြုဗဟိုကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဉာဏဓဇ အမှူးပြုသော ဆရာတော်သံဃာတော်အပါး ၁၀၈ ပါးက ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူသည်။

ယင်းနောက် ဘုရားအမှူးပြုသော သံဃာတော်၊ သီလရှင် စုစုပေါင်း အပါး ၃၆၀ တို့အား  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊  ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်  ပြည်နယ်ဝန်ကြီးများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်ပြည်သူများက  ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်