ကော့ကရိတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade 8(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ကော့ကရိတ် မေ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်(၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကော့ကရိတ်မြို့ အထက(၂) ကျောင်းသရဖီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးထွန်းဝေက ပညာရေးကဏ္ဍတိုးတက်ရေးအတွက် ပြောင်းလဲလာသည့်ပညာရေးစနစ်သစ်သင်ရိုးတွေကို ထိရောက်စွာ သင်ကြားနိုင်ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ထိုနောက် ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းက တိုးတက်ပြောင်းလဲလာသော ပညာရေးစနစ်နှင့်အညီ  Grade အလိုက်ပြောင်းလဲလာသော (သင်ရိုးသစ်) သင်ရိုးညွှန်းတမ်းများကို နည်းစနစ်တကျ သင်ကြား၊ သင်ယူကြရေးတို့အားလည်းကောင်း  မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးစောမင်းခင်က သင်တန်းနည်းပြများနှင့် သင်တန်းသားဆရာ၊ ဆရာမတို့အား သင်တန်း၏ စည်းမျဉ်း၊ စည်းကမ်းများနှင့် ပတ်သက်သည်များကိုလည်းကောင်း၊ မြို့နယ်ကျန်းမားရေးဦးစီးမှူး ဒေါ်မျိုးမျိုးလှိုင်က ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေနှင့်၊ သတ်မှတ်အကြိမ် အလိုက် ကာကွယ်ဆေးထိုးနှံကြရေးတို့ကိုလည်းကောင်း ဆွေးနွေးပြောကြားကြသည်။

အဆိုပါသင်တန်းကို ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ဆရာ၊ ဆရာမ(  ၅၇၆ )ဦး၊ သင်တန်းနည်းပြဆရာ၊ ဆရာမ (၃၇)ဦးတို့က Grade-8(သင်ရိုးသစ်) သင်ရိုးညွှန်းတမ်းအတိုင်း မေလ(၁၆)ရက်နေ့မှ မေလ(၁၈)ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်မျိုးဝင်း