လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာ၌ မြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

လှည်းကူး ဇူလိုင် ၁၆

ကျေးရွာနေပြည်သူလူထုများ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုများ ပိုမိုရရှိစေရေးအတွက် လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာ၌ ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ရွာဦးဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါပေးအပ်ပွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းထွန်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားသည်။

ဆက်လက်၍ ကျေးရွာမြေငှါးဂရန်များကို မင်းကုန်းကျေးရွာ ပြည်သူ(၈၆)ဦး လက်ဝယ်သို့ တာဝန်ရှိသူများက အသီးသီးပေးအပ်ကာ မင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

အိရွှေစင်လတ်