သတင်းများ

ကဝမြို့နယ်တွင် နယ်လှည့် မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာငှားဝန်ဆောင်မှုဆောင်ရွက်
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဝန်ထမ်းများ စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုနိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
ကျောက်တံခါးမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပ
May 19,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောက်တံခါး မြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်သည်။
မိုင်းရယ်၌ ၂၀၂၂ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် လားရှိုးခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (ခွဲ) မှ ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမ၌ ပြုလုပ်သည်။
သထုံမြို့နယ်၌ ကျောင်အုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
May 19,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့မှ ကျောင်အုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်မှ စတင်ကာ သထုံမြို့၊ ‌သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ထူးချွန်သူ(၅၀၀)တို့၏ ကိုယ်တွေ့ အောင်မြင်ရေးနီတိများစာအုပ် စာဖတ်ဝိုင်းကျင်းပ
May 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ မောင်မြင့်ကြွယ်နှင့်မောင်မောင်အေးတို့ ဘာသာပြန်ရေးသားထားသည့် ထူးချွန်သူ(၅၀၀)တို့၏ ကိုယ်တွေ့ အောင်မြင်ရေးနီတိများ စာအုပ်အား ယနေ့နံနက် (၁၀)နာရီခွဲက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်(အသားကဏ္ဍ) တိရစ္ဆာန်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးစေခြင်းဖြင့် မိသားစုဝင်ငွေတိုးပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးအတွက် မြစိမ်းရောင်(အသားကဏ္ဍ) တိရစ္ဆာန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နွာတဲကုန်းကျေးရွာအုပ်စု ပန်းတင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
May 19,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်းဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase 10 (ပထမအကြိမ်) စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အလုံမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
May 19,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ​ကမ်းနားလမ်းနှင့် အလုံလမ်း​ထောင့်တွင် ယ​နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ​ရေးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာ​နေသည့် ​​မော်​တော်ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။