သတင်းများ

မလှိုင်မြို့၌ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”  မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားကျင်းပ
May 19,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပွဲနှင့် ဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်က မလှိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
May 19,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အောင်မြင်ဖို့အချိန်”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ် မြို့မဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်/သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေး
May 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဆရာတော်/သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်တွင် ဂရန်အင်းနှင့်တင်ဒါငါးဖမ်းကွက်များ (ပထမအကြိမ်) လေလံတင်ရောင်းချ
May 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဂရန်အင်းနှင့် တင်ဒါငါးဖမ်းကွက်များ (ပထမအကြိမ်) လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 
ရေဖြူမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ် စိုက်ထူ
May 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်ကို ယနေ့နံနက် ၈ နာရီ အချိန်က ရေဖြူမြို့နယ် ပညာရေးမှူးရုံးအရှေ့၌ စိုက်ထူကြောင်း သိရသည်။
ဗန်းမော်တက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
May 19,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ကချင်ပြည်နယ် ဗန်းမော်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို မေ ၁၉ ရက် နံနက် ၉ နာရီက ဗန်းမော်တက္ကသိုလ်စုံညီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေးပိုစတာ စိုက်ထူ
May 19,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ၂၀၂၂-၂၀၂၃ ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေးပိုစတာကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ သမိုင်းဝင်ဆေးအိုးဖိုးဘုရားအနီး၌ စိုက်ထူကြောင်းသိရသည်။
မဘိမ်းမြို့၌ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
May 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မြသီတာခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။