မိုင်းရယ် မတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် လားရှိုးခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (ခွဲ) မှ ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမ၌ ပြုလုပ်သည်။
ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရာတွင် မိုင်းရယ်မြို့ အမှတ်(၁)၊ (၂)ရပ်ကွက်၊ နားဖျိုင်း ကျေးရွာအုပ်စု၊ ကောင်းမောင်ကျေးရွာအုပ်စုနှင့် လုတ်ခိုက်ကျေးရွာအုပ်စုတို့မှ တောင်သူဦးရေ (၁၉၀)ဦး အတွက် မိုးစပါးနှင့်အခြားသီးနှံစိုက်ပျိုးနိုင်ရန် စပါး တစ်ဧကလျှင် ကျပ် (၁၅၀၀၀၀) နှုန်း၊ ပြောင်း တစ်ဧကလျှင် ကျပ် (၁၀၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ကျပ် (၁၁၄၇,၅၀,၀၀၀)ကို ထုတ်ချေးပေးခဲ့ကြောင်း လားရှိုးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်(ခွဲ)မန်နေဂျာ ဒေါ်အေးအေးခင်ထံမှ သိရသည်။
ကျော်ဇင်ထိုက်