ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ငါန်းဇွန်    မေ ၁၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်းဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase 10 (ပထမအကြိမ်) စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase 10 (ပထမအကြိမ်) စတင်ထိုးနှံပေးရာ ယမန်နေ့ နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၃၅)ဦး၊ မြို့သာဇုံမှ (၅၉)ဦး၊ ငါန်းမြာဇုံမှ (၇၁)ဦး၊ သားကျင်ဇုံမှ (၃၃)ဦး၊ ဂျိုဇုံမှ (၄၆)ဦးနှင့် ရေလည်သောင်ဇုံမှ(၇၅)ဦး စုစုပေါင်း (၃၁၉)ဦး ထိုးနှံပေးခဲ့ကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)